မောရှေ (မိုရှေ ရဗ္ဗေနူ) ဆိုသူကား မည်သူနည်း။
ဖန်ဆင်းရှင်သည် မောရှေကို အီဂျစ်နိုင်ငံ၏ ကျွန်ဘဝမှ အစ္စရေးလူမျိုးကို ထုတ်ဆောင်ရန် ရွေးချယ်ခဲ့ပြီး ဆိုင်းနိုင်းတောင်၌ သူ့မှတစ်ဆင့် တိုရာကို ပေးခဲ့သည်။
ထွက်မြောက်ရာကျမ်းတွင် မီးလောင်နေသော ချုံပုတ်ထဲမှ မောရှေကို ခေါ်တော်မူပုံ ပါရှိသည်။ မောရှေသည် တောကန္တာရတွင် လူတို့ကို သွန်သင်ခဲ့သည်။ နောက်ပိုင်းတွင် ယောရှုက လူတို့ကို အစ္စရေးပြည်သို့ ဦးဆောင်ခဲ့သည်။
ဟီဘရူးဘာသာစကားတွင် မိုရှေ ရဗ္ဗေနူ ဆိုသည်မှာ ကျွန်ုပ်တို့၏ ဆရာ မောရှေဟု ဆိုလိုသည်။ နောဧ၏ ပညတ်ခုနစ်ပါးကို လူအမျိုးမျိုးအား ပေးထားပြီးဖြစ်ကြောင်း ဖန်ဆင်းရှင်က မောရှေမှတစ်ဆင့် အသိပေးခဲ့သည်ဟု မိုင်မိုနီဒီးစ် ရှင်းပြသည်။